ဝတိုင်းရင်းသား တောင်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ မိုင်းကန်မြို့နယ်ထဲက နားယောင်း ဆိုသည့် ဒေသသို့ အလည်တစ်ခေါက်ရောက်
ခဲ့ပါတယ်. တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ တောင်ပေါ်လမ်းက ကြမ်းလည်းကြမ်း အဆင်းအတက်ကလည်း ရှည်လျားမတ်စောက်ပါတယ်. စီးတော်ယာဉ် ဆိုင်ကယ်လေးမှာ သခင်လိုရာကို ရုန်းကန်ရင်း အရောက်ပို့ဆောင်ပေးရပါတယ်. မြင်ကွင်း ရှု့ခင်းများဟာ သာယာရှု့မောဖွယ် ရှမ်းတောင်
တန်းများက ရင်ထဲကို သာယာအေးချမ်းမှုပေးပါတယ်. အမှတ်တရ တောင်ပေါ်ပွဲလမ်းသဘင်က အရိုးခံနှင့် ကြည်နူးဖွယ်ရသကိုပေးပါတယ်.
တစ်ခါတစ်ခေါက်ရောက်ဖြစ်သည့် ထိုဒေသ အမှတ်တရ ဓါတ်ပုံများကို ပိုစ့်အဖြစ် တင်လိုက်မိပါတော့သည်။ (၁၆.၁၁.၂၀၁၂)
ရှမ်းတောင်တန်းအလှ မြင်ကွင်းတစ်ခု
တောင်ပေါ် စမ်းချောင်းမှာ ရေးချိုးရင်း သူငယ်ချင်းများအမှတ်တရ
တောင်ပေါ် ၀တိုင်းရင်းသား ရွာ မြင်ကွင်း
လားဟူတိုင်းရင်းသားများ ရိုးရာအကပဒေသ မြင်ကွင်း
မြို့နယ် အစအဆုံး အမှတ်အသားရှေ့
ထိုဒေသသို့ ဖျော်ဖြေရေးအစီအစဉ်ဖြင့် ရောက်ရှိနေသော တေးသံရှင်စိုင်းဆိုင်မောနှင့် အမှတ်တရ
စပါးရိတ်သိမ်းထုပ်ပိုးနေသော ၀တိုင်းရင်းသား မိသားတစ်စု
googl earth မှာ ဒီနေရာလေးပါ.
တောင်ပေါ်လမ်း နှင့် ရှမ်းရိုးမ
အဝေးမှ လှမ်းမြင်ရသည့် ရှမ်းတောင်တန်းအလှ
ဓါတ်ပုံများ
facebook တွင်ထပ်ကြည့်နိုင်သည်