Aung Kyaw Min On Tuesday, December 23, 2008
ကျွန်တော် အတွေ့အကြုံတစ်ခုကိုတင်လိုက်ပါတယ်. လက်ရှိကျွန်တော်နေတဲ့ဒေသမှာ(ထိုင်း.မြန်မာနယ်စယ်များတွင် ထိုင်းဖုန်းနှင့် အင်တာနက်ချိတ်ဆက်အသုံးပြု၍ရသည်.) အင်တာနက်သုံးတာဖုန်း
ကနေတဆင့်ကြားခံသုံးပါတယ်. ဖုန်းဘလူးတူး နဲ့ ကွန်ပျူတာဘလူးတူး ချိတ်ဆက်ပြီးအသုံးပြုပါတယ်. ဒီလိုသုံးတော့ ရတော့ရပါတယ်. ဒါပေမယ့် အမြန်နှုန်းနည်းတော့ ဒေါင်းလော့. အပ်လော့လုပ်ရင်အဆင်မပြေပါဘူး. မိမိအသုံးပြုသည့် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ဘလူးတူးနှင့်မချိတ်ပဲ ကြိုးနှင့် ဆက်၍သုံးလို့ရပါတယ်.ကျွန်တော်သုံးဖူးသမျှဖုန်း အမျိုးအစားတွေထဲမှာတော့ နိုကီယာ အမျိုးအားဖုန်းမော်ဒယ်နည်းနည်းမြင့်သည့် ဖုန်းဆိုရင်တော်တော်အဆင်ပြေပါတယ်. နိုကီယာ ဖုန်းဆော့ဝဲကို မိမိကွန်ပျူတာတွင် အင်စတော လုပ်ပြီး ဖုန်းနှင့်ကွန်ပျူတာ ကို ယူအက်စ်ဘီ ကြိုးဖြင့်ဆက်ပြီး လျှင်ကွန်ပျူတာ
တွင် နိုကီယာ ဆော့ဝဲလ်ကို ဖွင့်ပြီး အင်တာနက်ကွန်တက် လုပ်လိုက်တာနက် အင်တာနက်သုံးလို့ရပါပြီ. ဒီလိုသုံးရင်ကောင်းပါတယ်. ဘလူးတူးနှင့်သုံးရင် အမြန်နှုန်း ၁၁၅ ကေဘီ အထိပဲရပါတယ်. အထက်ကနည်းနှင့်သုံးရင် အမြန်နှုန်း ၉၂၀ အနည်းဆုံးရပါတယ်. အိမ်တွင်းကွန်ပျူတာသုံးရတာ ဒီနည်းလေးနဲ့ကျွန်တော်အဆင်ပြေနေပါတယ်. ကျွန်အတွေ့အကြုံတစ်ခုကိုမျှလိုက်တာပါ. (မှတ်ချက်. ထိုင်း.မြန်မာနယ်စပ်များတွင် နေထိုင်သော မြန်မာပြည်သားများသာ အသုံးတည့်မည်.)

0 comments: