Aung Kyaw Min On Tuesday, December 23, 2008
ကျွန်တော် အတွေ့အကြုံတစ်ခုကိုတင်လိုက်ပါတယ်. လက်ရှိကျွန်တော်နေတဲ့ဒေသမှာ(ထိုင်း.မြန်မာနယ်စယ်များတွင် ထိုင်းဖုန်းနှင့် အင်တာနက်ချိတ်ဆက်အသုံးပြု၍ရသည်.) အင်တာနက်သုံးတာဖုန်း
ကနေတဆင့်ကြားခံသုံးပါတယ်. ဖုန်းဘလူးတူး နဲ့ ကွန်ပျူတာဘလူးတူး ချိတ်ဆက်ပြီးအသုံးပြုပါတယ်. ဒီလိုသုံးတော့ ရတော့ရပါတယ်. ဒါပေမယ့် အမြန်နှုန်းနည်းတော့ ဒေါင်းလော့. အပ်လော့လုပ်ရင်အဆင်မပြေပါဘူး. မိမိအသုံးပြုသည့် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ဘလူးတူးနှင့်မချိတ်ပဲ ကြိုးနှင့် ဆက်၍သုံးလို့ရပါတယ်.ကျွန်တော်သုံးဖူးသမျှဖုန်း အမျိုးအစားတွေထဲမှာတော့ နိုကီယာ အမျိုးအားဖုန်းမော်ဒယ်နည်းနည်းမြင့်သည့် ဖုန်းဆိုရင်တော်တော်အဆင်ပြေပါတယ်. နိုကီယာ ဖုန်းဆော့ဝဲကို မိမိကွန်ပျူတာတွင် အင်စတော လုပ်ပြီး ဖုန်းနှင့်ကွန်ပျူတာ ကို ယူအက်စ်ဘီ ကြိုးဖြင့်ဆက်ပြီး လျှင်ကွန်ပျူတာ
တွင် နိုကီယာ ဆော့ဝဲလ်ကို ဖွင့်ပြီး အင်တာနက်ကွန်တက် လုပ်လိုက်တာနက် အင်တာနက်သုံးလို့ရပါပြီ. ဒီလိုသုံးရင်ကောင်းပါတယ်. ဘလူးတူးနှင့်သုံးရင် အမြန်နှုန်း ၁၁၅ ကေဘီ အထိပဲရပါတယ်. အထက်ကနည်းနှင့်သုံးရင် အမြန်နှုန်း ၉၂၀ အနည်းဆုံးရပါတယ်. အိမ်တွင်းကွန်ပျူတာသုံးရတာ ဒီနည်းလေးနဲ့ကျွန်တော်အဆင်ပြေနေပါတယ်. ကျွန်အတွေ့အကြုံတစ်ခုကိုမျှလိုက်တာပါ. (မှတ်ချက်. ထိုင်း.မြန်မာနယ်စပ်များတွင် နေထိုင်သော မြန်မာပြည်သားများသာ အသုံးတည့်မည်.)
Aung Kyaw Min On Tuesday, December 2, 2008
လူတွေဟာ မသိစိတ်နှင့် တလွဲကောင်းတတ်ကြပါတယ်. ဒီအထဲမှာကျွန်တော်လည်းပါ ပါသည် . ဒါပေမယ့် ဒီအာနည်းချက်ကို မြင်မိလို့ရေးထားတာပါ. ငယ်ရွယ်တဲ့ဘ၀မှာ ကြားဖူးကြမှာပါ ”အိမ်မှာတော့ ဘာမှာမလုပ်ချင်ဘူး အပြင်မှာဆို ကောင်းမှာကောင်း“ မိဘတွေက ပြောနေကျ စကားပါ. ဒါပါပဲ.. ကျွန်တော်တို့မှာ အဓိကနဲ့ သာမညကို မခွဲပဲ မိမိ၏ ဂုဏ်သိက္ခာ. သူများအထင်ကြီးမှု. စတာတွေကို ရှေ့တမ်းတင်ပြီး မိမိ၏ အဓိက အရာတွေမှာ အလေးမထား အားနည်းနေကြပါတယ်. ဥပမာ- လုပ်ငန်းရှင်တစ်ဦးက
မိမိအလုပ်မှာ အဓိက ပံ့ပိုးပေးနေသော အလုပ်သမားများကို လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးရမဲ့အစား
မဆိုင်သည့် မိမိကိုရေးကိုယ်တာ နှင့်ပတ်သက်သည့် နေရာများတွင်ကောင်းနေပြီး အလုပ်သမားကို
တော့ လစ်လျူရှု့ထားတာမျိုးတွေ. (မှတ်ချက်။ ။ အိမ်တွင်မကောင်းပဲ အပြင်တွင်ကောင်းနေသော သားသမီး
များကို မိဘလုပ်သူများ သတိထားပြီး အိမ်ပျော်များဖြစ်အောင် ပြုစုပျိုးထောင်ဖို့ လိုပါသည်။) ကျွန်တော်တို့မှာ အဓိကနှင့် သမညကို ခွဲခြားပြီးသိဖို့လိုပါတယ်. မိမိအတွက် အဓိက ကျတဲ့အရာများကို မိမိကိုယ်တိုင်က သိအောင် ကြိုးစားပါ. အသိအမှတ်ပြုပါ. တလွဲမကောင်းပါနဲ့ . မိမိပျော်ရွှင်နေချိန်မှာ မိမိ၏အဓိက အရာများဟာ အားနည်း. သိမ်ငယ်နေတဲ့အဖြစ်မျိုး တွေဖြစ်နေတယ်ဆိုရင် တစ်ကိုယ်ကောင်းသမားလုံးလုံးဖြစ်သွားပါလိမ့်မည်. အဓိက ကတော့ ကျွန်တော်တို့ဟာ လူဖြစ်တဲ့အတွက် လူဟာ လူတွေနဲ့ပဲ ပေါင်းသင်းဆက်ဆံ ပြီး လူု့ယဉ်ကျေးမှုအရနေကြတော့ မိမိရဲ့ အဓိက ပတ်သက်ရာများကို
တလွဲကောင်းပြီး မနေမိကြဖို့လိုပါတယ်. မိမိအတွက် ကျေးဇူးရှိသူများကို သိတရအမှတ်ရရှိကြပါစေ(တလွဲကောင်းကြသောသူများသည် အတ္တသမားများ ဖြစ်ကြသည်။
၂.၁၂.၂၀၀၈ အေကေအမ်)