Aung Kyaw Min On Saturday, March 28, 2009



သင် ဂိမ်းကစားနည်းကို စိတ်ဝင်စားမှု ရှိခဲ့ရင် အပြင်းပြေသော်လည်းကောင်း ၊ မိမိပတ်သက်ရာ ငယ်ရွယ်သူ ကလေးသူငယ်များကို ကစားစေချင်ရင်သော်လည်းကောင်း၊ ဒီဂိမ်းလေးကိုကစားစေချင်ပါတယ်. ဂိမ်းတွေမှာ ကားပြိုင်ဂိမ်း၊ ဆိုင်ကယ်ပြိုင်ဂိမ်း တွေဆိုရင် အမြန်ပြိုင်ခြင်းတွေများပါတယ်. ယခုဂိမ်းမှာက ဆိုင်ကယ်ကို တောလမ်း သဘော စတန့်အမျိုးမျိုးကိုသုံးပြီး သဲထိပ်ရင်ဖို ကစားရမှာပါ. ရသတမျိုးပေးစွမ်းပေးပါတယ်. ကစားပုံက ကီးဘုတ် လက်ကွက်ထဲက မျှားလက်ကွက်များကို အသုံးပြုကစားရုံနှင့် ရပါတယ်. ကစားရတာလွယ်ပါတယ်. ဒါပေမယ့် ဥာဏ်နှင့် တိုင်ပင်ညှိတတ်ဖို့လိုပါတယ်. ကစားရင်းသိသွားမှာပါ. ခဏတဖြုတ်ကစားလို့ရတဲ့ဂိမ်းပါ. စိတ်ဝင်စားရင် ဒီနေရာလေး မှာ ယူပါ. ၄င်းနေရာကိုဝင်ပြီး “Download Full Version of the Game” ဆိုတဲ့ စာတန်းလေးနေရာကိုနှိတ်လိုက်ပါ. download file လေးကျလာပါလိမ့်မည်. 6.51 MB သာရှိပါတယ်. ဒေါင်းပြီး .install လုပ် ကစားရုံပါ. (ဂိမ်းစိတ်ဝင်စားသူများအတွက်ပါ. ကျွန်တော့်မှာ သားသမီးများရှိသည့်အတွက် ဂိမ်းများကိုလည်းစိတ်ဝင်စားနေရပါသည်)
Aung Kyaw Min On Friday, March 27, 2009
“တရား” ဟုဆိုလိုက်တာနှင့် ဘာသာရေးနှင့် တွဲပြီးမြင်မိကြမှာပါ. ကျွန်တော့်အမြင်တစ်ခုက တရားဆိုတာ အမှန်၊ အမှန်ဆိုတာ မှန်တဲ့အလုပ်. ဆိုလိုတာက မှားတဲ့အလုပ် ကို လုပ်ရင် တရား မဖြစ်နိုင်ဘူးပေါ့. ဆိုကြပါစို့ အသားငါး သတ်ရောင်းသူတစ်ဦးကို တရားသောအလုပ်မဟုတ်ဘူးလို့ ယူဆရင်.လူသတ္တ၀ါဟာ အစုံစားသတ္တ၀ါ အုပ်စုဝင်လေ ဒါ့ကြောင့် လူအများစုစားသုံးနှိင်ရန် အများစု အလွယ်တကူမလုပ်နိုင်သည့် အလုပ်ကို လုပ်ပေးနေခြင်းသာဖြစ်လို့ သူလုပ်နိုင်လို့သူလုပ်သည်ကို တရားအလုပ်လို့ဆိုနိုင်ပါတယ်. လူအများလက်မခံ အသုံးမပြုသောအလုပ်ကိုလုပ်မှ တရားအလုပ်မဟုတ်ပါ. ဘာသာတရားသဘောဖြင့် တရားအားထုပ်ခြင်းသည်
မိမိစိတ်ကို အေးချမ်းတည်ငြိမ်အောင် ပြုလုပ်ခြင်းသည်အရင်းခံပါ. မြန်မာပြည်တွင် ဘာသာတရားလိုက်စားသူများကို အထင်ကြီးကြသည့် သဘောရှိကြသည်.ဘာသာရေးလိုက်စား တာတော့ကောင်းတာပေါ့. တကယ်လုပ်တတ်ဖို့တော့လိုပါသည်. သိချင်ရင်တော့ ယခုနာမည်ကြီးနေကြသည့်
ဆရာတော်များတရားကို ကြားနာကြည့်ဖို့လိုပါတယ်. ဘာသာရေးတရားများကို လိုက်စားယုံနှင့် သူတော်ကောင်းတရားသမားလို့ ဆိုနိုင်ပြီလား . ထိုသူ၏ ပြင်ပလုပ်ရပ်များနှင့်လည်းဆိုင်နေပါတယ်. ဘာသာရေးအရေခြုံထားပြီး ပြင်ပလောက လူ့ပတ်ဝန်းကျင်တွင် ဘာမှမစွမ်းဆောင်နိုင် ကောင်းမှုမရှိ. ယဉ်ကျေးပျူငှာခြင်းမရှိ. ဟန်ဆောင်လိမ်လည်မူများနှင့် ကောင်းသောလုပ်ရပ်များမရှိပါက အချင်းနီးပါ. ဘာသာတရားအဘောအရပြောရင် ဗုဒ္ဓဘာသာအရ ရတနာသုံးပါးနှင့် မိဘ၊ ဆရာသမားများဂုဏ်ကျေးဇူးကို အသိရှိနေဖို့က အဓိက အရင်းခံပါ. ခရစ်ယန်ဘာသာတရား အရ ထ၀ရဘုရားသခင်၏ ကျေးဇူးတော်ကို အသိရှိဖို့က အဓိကပါ. အစ္စလာမ်ဘာသာတရား အရ အလ္လာရှင်မြတ်၏ အမိန့်တော်များကို နာခံကျင့်ကြံတတ်ဖို့ အဓိကပါ. ဆိုလိုရင်းက ဘာသာတရားကို ယုံကြည်သက်ဝင်ပြီး သိမ်မွေ့သော အဆုံးမနှင့် မိမိအတွက် အများအတွက် အကျိုးပြုသည့် သူတစ်ယောက်ဖြစ်ပြုမူနေထိုင်တတ်ဖို့ပဲလိုပါတယ်.ဘာသာရေးအမြင်များဖြင့် ဒီကမ္ဘာကြီးကို လူသားတို့ပြောင်းလဲတိုးတက်အောင်လုပ်ခဲ့ကြတာမဟုတ်ပါ. လူသားတို့၏ ကာယလုပ်အား၊ ဥာဏလုပ်အားများဖြင့် သာ တိုးတက်ပြောင်းလဲခဲ့ကြတာပါ. ဒီသဘောကို ဆင်ခြင်မိရင် တောင်ကျချောင်း ရေအလျင်မျိုးနှင့် စီးဆင်းနေသော ယနေ့ ကမ္ဘာကြီးတွင် ကျွန်တော်တို့ မြန်မာပြည်က လူငယ်မျိုးဆက်များ
သည် ဘာသာတရားအဆုံးများနှင့် ယဉ်ကျေးသိမ်မွေ့ ပြုမူနေထိုင်ရင်း မိမိအကျိုး၊ အများအကျိုးကို ဖြစ်စေသည့် အလုပ်များကို လုပ်ကိုင်ရင်း အကျိုးပြုလူငယ်တစ်ယောက်အဖြစ် နှင့် သူတော်ကောင်းတရားသမားဖြစ်ဖို့ အစလှမ်းနိုင်ကြပါသည်. သို့မှသာ မြန်မာဟာ ကမ္ဘာကြီးတိုးတက်မှု ဖြစ်စဉ်တွင် လိုက်ရောညီစီးဆင်းနိုင်ပါမည်.
တရားအလုပ်သည်=မှန်သောအလုပ်. မှန်သောလုပ်ဆောင်ချက်များသည်=တရားပါ. တရားသမားဖြစ်ချင်ကြရင် ကောင်းသော လုပ်များကိုလုပ်ကြစို့.....(ဘာသာရေးရှု့ထောင့်မှ အမြင်မဟုတ်ပါ)
Aung Kyaw Min On Wednesday, March 25, 2009
အမည် = တင်ကိုကိုလတ်
မိဘများ = ဦးတင်မွှေး ၊ ဒေါ်လှလှ
လက်ရှိအသက် = ၃၃ နှစ် ၀န်းကျင် (ငယ်ရုပ်ကိုပဲမှတ်မိတော့သည်)
မွေးချင်းအကိုတစ်ယောက် ၊ ညီတစ်ယောက်ရှိသည်။ အကိုအမည် တင်ကိုကိုအောင်၊
ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်ပါ၊ ကွဲကွာခဲ့တာ ၁၉ နှစ်ရှိပါပြီ၊ သူနှင့် ကျွန်တော်ပြန်တွေ့ချင်တဲ့
စိတ်ဆန္ဒ ကျွန်တော့်မှာ ရှိနေပါတယ်၊ အကြောင်းမှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ဦးသည် ငယ်ပေါင်းတို့သဘာဝ အတန်းတူ စိတ်တူ ဘ၀တူ ငယ်ဘ၀ကို အတူဖြတ်သန်းခဲ့ကြသူများပါ၊ ကျွန်တော်တို့ ၉ တန်းနှစ်မှစလို့ ကွဲကွာ ခဲ့ကြသည်မှာ ယခုချိန်ထိပါ၊ တပ်မတော်ထဲကို သူအကိုပါသူပါ ညီကိုနှစ်ယောက်ဝင်သွားသည်ဟုသိရပါတယ်။
အခုဘယ်ယောက်လိုဘယ်ပေါက်မှန်းမသိတော့ပါ။ ဒီအသက်အရွယ်မှာ သူငယ်ချင်းကိုတွေ့ပြီး စကားတွေပြောချင်တာ အမှန်ပါ။ ကိုယ်ဘယ်မှမရောက်နှိုင်ပေမယ့် အနယ်နယ်အရပ်ရပ်မှ အင်တာနက်သုံးစွဲသူ မိတ်ဆွေများ သိခဲ့ရင် သူငယ်ချင်း အောင်ကျော်မင်း ဆိုသူက တွေ့ချင်နေကြောင်း ပြောပေးစေချင်ပါတယ်. မဖြစ်နိုင်ပေမယ့် စိတ်ကူးယဉ်ကြည့်တာပါ။ လိတ်စာ -(oungjowmorm75@gmail.com)
Aung Kyaw Min On Sunday, March 22, 2009
အင်တာနက်အသုံးပြုပြီး မိမိလိုချင်သော ဆော့ဝဲလ်များ၊ သီချင်းများ၊ ဗွီဒီယိုဖိုင်များ၊ စာအုပ်ဖိုင်များ အစရှိသော ဒေတာများကို download လုပ်ယူလေ့ရှိသောသူများအတွက် ကျွန်တော့်မိတ်ဆွေဆရာတစ်ယောက်ထံမသိရ
သော download ဆော့ဝဲလ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်. ကျွန်တော်အသုံးပြုဖူးသော download ဆော့ဝဲလ်များ ထဲတွင် အမြန်နှုန်းအကောင်းဆုံးပါ. အင်တာနက် speed ကောင်းသောလိုင်းတွင် 100MB လောက်ကို မိနစ် ၂၀လောက်နှင့် မဆင်ပြေပါတယ်. ဒီနေရာမှာ ကျွန်တော်အင်တာနက်အသုံးပြုပုံကို တဆိတ်လောက်ပြောချင်ပါတယ်. ဆိုင်မှာလည်း အမြဲမသုံးနိုင်. ကိုယ်ပိုင်အင်တာနက်လိုင်းလည်း ချိတ်နိုင်တဲ့ အခြေနေမရှိတော့ ကိုယ်ပိုင်သုံးနိုင်အောင် ကျွန်တော့်မှာရှိတဲ့ nokia phone လေးကိုသုံးပြီး ကွန်ပျူတာနှင့်
ချိတ်ဆက်အသုံးပြုရပါတယ်. မရှိသုံး သုံးရတာပေါ့. speed သိပ်မကောင်းတော့ထင်သလောက် အဆင်မပြေ
ဘူးလေ. ဒါပေမယ့် အခု Orbit ဆိုတဲ့ download ဆော့ဝဲလ်လေးကို တွေ့တော့ လိုချင်တာယူတဲ့နေရာမှာ
အရင်ကထက် အတောလေးအဆင်ပြေနေပါတယ်. မိတ်ဆွေများဟာ ကျွန်တော့်ထက် ကောင်းတဲ့ အင်တာ
နက် ၀န်ဆောင်မှုနက်သာသုံးနေပြီး အင်တာနက်ပေါ်က လိုချင်တာယူနေခဲ့ရင် ok ပြီပေါ့. မယုံရင်သုံးကြည့်ပါ.
သင်သုံးဖူးတဲ့ download ဆော့ဝဲများထက်ကောင်းမည်လို့ယူဆပါတယ်. (သိနှင့်နေသူများကို မရည်ရွယ်ပါ)အသုံးပြကြည့်ချင်တယ်ဆိုရင် ဒီမှာ ယူပါ. (မှတ်ချက် download အင်တာနက်စာမျက်နှာကိုဝင်ပြီးခဲ့လို့ရှိရင် click here ဆိုတဲ့ နေရာလေးကို နှိုတ်လိုက်ပါ ဒေါင်းရမည့်ဖိုင်လေးကျလာပါမည်. 2.21 MB သာရှိပါတယ်. ပြီးရင် အင်စတောပေါ့...(မြန်မာပြည်သားများ IT
နည်းပညာတိုးတက်ပါစေ. တတ်လို့မဟုတ်ပါ သိတာကို မျှလိုက်ပါ၏။)


Aung Kyaw Min On Saturday, March 21, 2009
ကွန်ပျူတာနည်းပညာနှင့် ကျွန်တော့်ဆရာများ အကြောင်းကို ရေးလိုက်ပါတယ်. ကျွန်တော်ကွန်ပျူတာကို ၂၀၀၇ ခု ၅ လ ၁၀ ရက် နေ့တွင် စတင်မိတ်ဆက်သင်ကြားခွင့်ရခဲ့ပါတယ်. KPZone@ Power ဆိုတဲ့ တာချီလိတ်မြို့က ကွန်ပျုတာသင်တန်း မှာပါ. ဆရာက ဆရာဇော်မင်းနိုင် ပါ. ကျွန်တော့်ကို လက်တွေ့ အခြေခံကျကျသင်ပေးသူကတော့ ဆရာကျာ်စွာဟိန်း ပေါ့. ဒီလိုနဲ့ ကျွန်တော် ကွန်ပျုတာအခြေခံလောက်
မတောက်တခေါက် တတ်ရင်း စိတ်ဝင်စားရာ အင်တာနက် စာမျက်နှာများကို ကျွန်တော်ရောက်လာရင်း
ဆရာများနှင့်ထပ်တွေ့လာရပါတယ်. ဆရာညီလင်းဆက်၊ ဆရာညီနေမင်း နှင့် ဆရာဖြိုးနိုင်အောင် စသောသူများနှင့် google အပါအ၀င် တခြားသောသူများသည် အင်တာနက်ပေါ်မှ ကျွန်တော့်ရဲ့ ဆရာများဖြစ်ပါတယ်. ဒီဆရာများကို ကျွန်တော့် အမြဲအမှတ်ရနေမှာပါ. နောက်ထပ် တွေ့လာမည် ကွန်ပျူတာနည်းပညာနှင့်ပတ်သက်သည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကိုလည်း အမြဲဂါရ၀ပြုလျက်ပါလို့ပြောချင်ပါတယ်. လက်ရှိကျွန်တော်ဆရာ လို့ဆိုသော်လည်း ထိုသူများသည် အသက်ငယ်ရွယ်သူ လူငယ်၊ လူရွယ်ပိုင်း ကျွန်တော့်ထက် အသက်ငယ်သူများဖြစ်ကြပါတယ်. မြန်မာပြည်လူငယ်များရဲ့ တိုးတက်မှုလမ်းကို သွားဖို့ ပြရုပ်တစ်ခုလိုဖြစ်နေတာကောင်းပါတယ်. ငယ်သောသူများထံတွင် သင်မေးနေရသော်လည်း ကျွန်တော် စိတ်မခုပါ. (ပညာလိုအိုသည်မရှိ) ဒီိအတိုင်းပဲအဟုတ်လား. ကျွန်တော်သိသလောက်လေးတွေကို မသိသေသူ များးကို လက်လှမ်းမှီသလောက် ပြောပြဖိုးကို
လည်းဝန်မလေးဘူး. ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်သားတွေ သိဖို့ တတ်ဖို့ အများကြီးလိုသေးတာ ကိုယ်တွေမို့လို့ပါ. ၀ါးလုံးခေါင်းထဲမှာ လသာပြီး သာယာနေလို့ မဖြစ်ဘူးလေ. ကိုယ်က လူလတ်ပိုင်း ၃၀ ကျော်အရွယ် မိဘဘ၀ကိုပိုင်ဆိုင်ထားသူ မိမိသိတာတတ်တာကို အမွေပေးဖို့ သားသမီးရင်သွေးရှိနှင့်လေတော့ ကိုယ်ရဲ့ကြိုးစားသင်ယူမှုဟာ မိမိရင်သွေးလေးများရဲ့ ဒေါက်တစ်ခုဖြစ်ခဲ့ရင်ပဲ အဖေလုပ်သူ ကျွန်တော် ပေးဆပ်မှုရဲ့ ပီတိကိုစားသုံးနိုင်ပြီပေါ့. ဒီစာပိုက်လေးနှင့် ကွန်ပျူတာနည်းပညာနှင့် ပတ်သက်သော ဆရာသမား
များကို ဦးညှုတ်ဂါရ၀ ပြုလိုက်ပါသည်။ (မြန်မာပြည်ရဲ့ IT နည်းပညာတိုးတက်ပါစေ...)
Aung Kyaw Min On Saturday, March 14, 2009





















ကျွန်တော်တွေကြုံဖူးသော အခါတိုင်းရင်းသား မင်္ဂလာဆောင် အခမ်းအနား တစ်ခု အကြောင်းကို ရေးသားလိုက်ပါတယ်. ကျွန်တော်သူငယ်ချင်း ကွန်ပျူတာဆရာ တစ်ယောက်နှင့် အခါတိုင်းရင်းသားရိုးရာ မင်္ဂလာဆောင်ပွဲတစ်ခုကို ဓါတ်ပုံသွားရိုက်ကြပါတယ်. တာချီလိတ်မြို့နှင့် ဆယ်မိုင်လောက်ဝေးပါတယ်.မလိပါကော်ရွာများ အုပ်စုဝင် မနော် ဆိုတဲ့ရွာလေးမှာပါ. အိမ်ခြေ (၆၀) ကျော်လောက်ပဲရှိပါတယ်. မနက်ရှစ်နာရီကျော်လောက်မှာ ရွာကိုရောက်ပါတယ်. သတိုးသာအိမ်ကိုဝင်ပါတယ်. ၄င်းအိမ်တွင် သတိုးသားဆွေမျိုးမိတ်သင်္ဂဟများစုဝေးနေကြပြီး.မနက်စာနှင့်ကျွေးမွေးနေပါတယ်. ရိုးရာထမင်းဝိုင်းများနှင့်ပါ. ၄င်းတို့ရိုးရာ ထမင်းဝိုင်းတွင် ဟင်းများကို ပန်းကန်ခွက်ရောက်များနှင့် ထည့်ထားပြီး ထမင်းကို ငှက်ပျောရွက်လို
အရွက်များနှင့် ထုပ်ထားပြီး စားသုံးသူကဖြေပြီး တူ ဇွန်းများနှင့် စားရပါတယ်. စားပွဲခုံပေါ်တွင် ငှက်ပျောရွက်များခင်းထားပါတယ်. ထို့နောက် မိဘဆွေမျိုးမိတ်သင်္ဂဟများစုပေါင်းပြီး သတိုးသမီးအိမ်ကိုသွားကြပါတယ်. သတိုးသမီးအိမ်တွင်လည်း ထို့အတူ ၄င်းတို့ ဆွေမျိုးမိတ်သင်္ဂဟများကို ကျွေးမွေးဧည့်ခံနေပါတယ်. သတိုးသားက သတိုးသမီးကို မင်္ဂလာဆောင်ရန် သွားခေါ်ခြင်းပါ. သတိုးသမီးကိုခေါ်ချိန်တွင် သတိုးသမီး အမိနှင့် အဒေါ် အရီးတော်သူများကသူတို့ဘာသာစကားနှင့် ငိုချင်းချကြပါတော့သည်. ငိုရိုနေပြီး သီချင်းလိုဆိုကြပါတယ်. ကျန်သူများက ရယ်မောကြ ပျော်ကြနှင့် ကျွန်တော့်အမြင်မှာ တမျိုးဆန်းနေပါတယ်.ကျွန်တော်မေးကြည့်တော့် သူတို့ရိုးရာပါတဲ့. သမီးကို အိမ်ထောင်ချ
ပေးခါနီးမှာ ၀မ်းနည်းဝမ်းသာဖြစ်ပြီး သားလင်နှင့် ကောင်းကောင်းမွန်မွန်နေထိုင်ရန်. လိမ်မာရေးခြားရှိရန် မှာနေချင်းဖြစ်သည်ဟုသိရပါတယ်. ထူးရှားတဲ့ရိုးရာဓလေ့စရိုက်တစ်ခုပါ. ဒီလိုနဲ့ မင်္ဂလာဆောင်ခြင်းပြုလုပ်မည့် သတိုးသားအိမ်ကို မိတ်သင်္ဂဟများနှင့် ပျော်ပျော်ပါးပါးစုပေါင်းကာ သတိုးသမီးကို ခေါ်ဆောင်လာကြပါတယ်.
အိမ်ရောက်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့နေရာမှာ ထိုင်ကြပြီး. ခရစ်ယန်ဘာသာထုံးတမ်းနှင့် တရားဟောဆရာများက မင်္ဂလာဆောင်ခြင်းအမူကို ပြုလုပ်ပေးတယ်. ထိုနောက် လာကြသောဧည့်ပရိတ်သတ်များကို သတိုးသားနှင့်သတိုးသမီးက လိုက်လံဧည့်ခံကြပါတယ်. ဧည့်ခံပုံက စားသုံနေသူများကို သတိုးသားက ရေခရားကိုကိုင်ကာ သတိုးသမီးက ရေခွက်နှင့် ရေလိုက်တိုက်ပါတယ်. ရေအတိုက်ခံသူက ဆုပေးပါတယ်. ကောင်းရာကောင်းကြောင်းပေါ. ဒီလိုနဲ့ မင်္ဂလာဧည့်ခံပွဲပြီးဆုံးပါတယ်..
အခါတိုင်းရင်းသားများရဲ့ ရိုးရာဓလေ့တစ်ခုကို တင်ပြလိုက်ပါတယ်..